Skip to main content

Apple ရဲ့ SoC Chip များ

 

Apple ဟာ SoC (System on a chip) ကို 2008 ခုနှစ်ကစပြီး ယနေ့အထိ Series()ဖြစ် ထုတ်လုပ်လျက်ရှိပါတယ်။ Series တွေကတော့-

  1. A Series
  2. M Series
  3. S Series
  4. T Series
  5. W Series
  6. H Series
  7. U Series တွေ အဖြစ်ထုတ်လုပ်လျက်ရှိပါတယ်။

A Series တွေကို Mobile နဲ့ iPod ကဲ့သို့ ပစ္စည်းတွေမှာ အသုံးများတဲ့ chip ဖြစ်ပါတယ်။ ARM based core processor တစ်ခုထက်ပါဝင်ကြပြီး GPU နဲ့ Cache ပါဝင်ကြပါတယ်။ Mobile System တစ်ခုအတွက် လိုအပ်တဲ့ အခြား function များကို ပေါင်းစပ် ထုတ်လုပ်ထားတဲ့ chip တစ်ခုဖြစ်ပါတယ်။ A Series အနေနဲ့  2010 မှာ Apple A4 ကို iPad, iPhone4,iPod 4th Gen နဲ့ Apple TV(2nd Gen) တို့အတွက် စတင်ထုတ်လုပ်ပြီးနောက် A5,A5X, A6,A6X, A7,A8, AX8,A9,A9X,A10 Fusion, A10X Fusion, A11 Bionic, A12 Bionic, A12X Bionic, A12Z Bionic, A13 Bionic, A14 Bionic, A15 Bionic နဲ့ 2022 မှာ Apple A16 Bionic ကို iPhone 14 Pro နဲ့ 14 Pro Max တို့အတွက် ထုတ်လုပ်ခဲ့ပါတယ်။

M Series ကိုတော့ iMac နဲ့ iMac mini တွေအတွက် ထုတ်လုပ်ပါတယ်။ 2020 မှာ Apple M1 ကို MacBook Air, Mac Book Pro, Mac mini နဲ့ 5th Gen iPad Pro, Air တွေမှာ အသုံးပြုပါတယ်။ Apple M1 Pro နဲ့ M1 Max ကို 2021 ခုနှစ် ထုတ်လုပ်ပြီး 2022 ခုနှစ်မှာ Apple M1 Ultra နဲ့ M2 တို့ကို ထုတ်လုပ်ပါတယ်။ M Series တွေထဲက device တစ်ခုရဲ့ software လုပ်ငန်းစဉ်များနဲ့ sensor အချက်အလက်တွေကို ပေါင်းစပ်လုပ်ဆောင်ပေးတဲ့ Motion Coprocessor Apple M7 နဲ့ Apple M8 တွေကို 2013 နဲ့ 2014 မှာ ထုတ်လုပ်ခဲ့ပါတယ်။


Apple Watch တွေမှာသုံးတဲ့ S Series တွေကိုတော့ S1,S1P,S2,S3,S4,S5,S6,S7,S8 Series တွေ အဖြစ် ထုတ်လုပ်ပါတယ်။



System Management Controller Series ဖြစ်တဲ့ Apple T1,T2 တွေကို 2016,2017 ကနေပြီး MacBook Pro တွေမှာ ထည့်သွင်းအသုံးပြုပါတယ်။


Bluetooth နဲ့ battery တွေကို  manage လုပ်တဲ့ W Series တွေကိုတော့ Apple W1, W2,W3 တွေကို တော့ Apple Watch Series 4,5,6 နဲ့ SE တွေမှာ ထည့်သွင်းအသုံးပြုပါတယ်။

Apple H1, Apple H2 H Series တွေကိုတော့ 2nd Gen AirPods, AirPods Pro တို့မှာ သုံးပါတယ်။

Ultra-WideBand radio နည်းပညာပါဝင်တဲ့ Apple U series တွေကတော့ Apple U1 အဖြစ်ထုတ်လုပ်ပြီး iPhone 11,12,13 Series တွေနဲ့ Home Pod Mini, Apple Watch 6, AirTags တေါမှာ အသုံးပြုလျက်ရှိပါတယ်။

Forty Tech



Comments