Skip to main content

ASRock ရဲ့ ASRock Z690 Aqua vs ASRock Z690 Steel Legend vs ASRock Z690 Taichi တို့ကို လေ့လာကြည့်ခြင်း

 ASRock ကနေပြီး Gaming Motherboard တွေကို AQUA, Steel Legend, TaiChi Series တွေကို ထုတ်လုပ်လျက်ရှိပါတယ်။

အဲဒီအထဲက Intel Chipset Z690 ထိုင်ထားတဲ့ Aqua, Steel Legend နဲ့ TaiChi Board ကို နှိုင်းယှဉ်ကြည့်ပါမယ်။

ASRock Z690 AQUA

Series 3 ခုစလုံးဟာ Z690 Chipset တွေ ဖြစ်တဲ့အတွက် LGA1700 Socket တွေ တပ်ဆင်ထားပါတယ်။ 

ATX Board များဖြစ်ကြပြီး Wifi ကတော့ Aqua နဲ့ Taichi တွေမှာ ပါရှိပြီး Steel Legend မှာတော့မပါရှိပါ။ BlueTooth လည်း Aqua နဲ့ Taichi တွေမှာ ပါရှိပြီး Steel Legend မှာတော့မပါတာကို တွေ့ရပါတယ်။ RGB Lighting ကတော့ Board အားလုံးမှာ ပါရှိပါတယ်။

ASRock Z690 TaiChi

RAM speed MHz ကတော့ Aqua ကတော့ 4400, TaiChi က 4400 နဲ့ Steel Legend က 3200 တို့ ဖြစ်ကြပြီး Memory OverClock ကတော့ Aqua က 6400၊ TaiChi က 6400, Steel Legend က 5000 အထိပြုလုပ်နိုင်ပါတယ်။ Capacity ကတော့ 128 GB အထိရရှိကြတာကို တွေ့ရပါတယ်။  Slot ကတော့ 4 စီ ခုပါရှိပါတယ်။

ASRock Z690 Steel Legend

USB 3.2 Gen 2, USB 3.2 Gen 1 port, USB 2.0 Port များ ပါရှိပြီး Display port အနေနဲ့ Aqua မှာ 2 ခု Steel Legend မှာ 1 ခု နဲ့ TaiChi မှာမပါရှိပါဘူး။ Thunderbolt port ကတော့ TaiChi မှာ 1 ခု ပါရှိပါတယ်။

RJ 45 Network port ကတော့ Aqua နဲ့ TaiChi မှာ 2 ခုစီပါပြီး Steel legend မှာ 1 ခု ဘဲ ပါရှိပါတယ်။ SATA နဲ့ M2 Port များပါရှိပြီး Board အားလုံးမှာ M2 3 port စီပါရှိပါတယ်။ PCIe 4.0 x16 1 ခုစီပါရှိပြီး PCIe x1 Slot ကတော့ Steel legend မှာ 2 ခုနဲ့ Aqua,TaiChi မှာ 1 ခုစီပါရှိပါတယ်။

Board 3 ခုမှာ အဓိက ကွာခြားချက်ကတော့ WiFi, Memory Speed နဲ့ Display Output တို့ ဖြစ်ကြတာ တွေ့ရပါတယ်။ 3 ခုစလုံးမှာ Steel Legend ကတော့ အနိမ့်ဆုံး ဖြစ်ပြီး Aqua က အမြင့်ဆုံး ဖြစ်တာကို တွေ့ရပါတယ်။

Forty Tech


Comments