Skip to main content

ASUS Mother Board တွေဖြစ်တဲ့ ROG, TUF, Prime, ProArt တို့ရဲ့ ခြားနားချက်



ASUS ကုမ္ပဏီကနေပြီး ယခုနောက်ပိုင်း mother board တွေကို ROG, TUF, Prime, ProArt အမျိုးအစားတွေနဲ့ ခွဲပြီး ထုတ်လုပ်လာပါတယ်။ 



    ROG (Republic Of Gamers)  Board တွေဟာ CPU Overclocking နဲ့ Memory Overclocking တွေ ကို AI Overclocking System နဲ့ အလုပ်လုပ်နိုင်ပါတယ်။ Gaming တလုံးကို High End System ဆင်မယ့်သူတွေအတွက် ရည်ရွယ် ထုတ်လုပ်ထားပါတယ်။



    TUF ကတော့ ROG ထက် အနည်းငယ်လျော့ပြီး Gaming ဆင်လိုသူတွေအတွက် ဖြစ်ပါတယ်။ TUF board တွေဟာ နောက်ပိုင်း ROG အဆင့်လောက် performance မြှင့် လိုသူတွေအတွက် အဆင်ပြေပါတယ်။ System Stability ကို ဦးစားပေးထားပြီး ROG performance ကို budget လျော့ပြီး ရယူလိုသူများအတွက် အဆင်ပြေပါတယ်။

    Prime Board တွေကတော့ performance ကောင်းကောင်းနဲ့ အလုပ် လုပ်ချင်တဲ့ daily users တွေအတွက် ရည်ရွယ်ပါတယ်။ robotics နဲ့ PC DIY သမားတွေအတွက် သင့်တော်တဲ့ board တစ်ခုဖြစ်ပါတယ်။

    

    ProArt Board တွေကတော့ graphics ပိုင်းဆိုင်ရာ 3D Modeling, redering, animation နဲ့ media တွေအတွက် ရည်ရွယ် ထုတ်လုပ်ထားတဲ့ Board ဖြစ်ပါတယ်။

အချုပ်အားဖြင့်ဆိုရရင် Gaming အတွက် ROG က premium board တစ်ခုဖြစ်ပြီး၊ ဈေးနည်းနည်း gaming ဆင်ချင်ရင်တော့ mid range ဖြစ်တဲ့ TUF ကို အသုံးပြုနိုင်ပါတယ်။ Prime ကတော့ robotics နဲ့ DIY အင်ဂျင်နီယာများအတွက် ရည်ရွယ်ပြီး ProArt ကတော့ graphics သမားများအတွက် ရည်ရွယ် ထုတ်လုပ်ထားပါတယ်။
Forty Tech

Comments