Skip to main content

Intel i9-13900K နှင့် AMD Ryzen™ 9 7950X ကိုနှိုင်းယှဉ်မယ်

 Intel နဲ့ AMD တို့ဟာ ယခုနောက်ပိုင်း processor တွေရဲ့ performance တွေအပြင် graphics ပိုင်းတွေဟာ ပြိုင်ဆိုင် ထုတ်လုပ်လာပါတယ်။ ၂၀၂၂ မှာ ထွက်ရှိလာတဲ့ Intel i9-13900K နဲ့ AMD Ryzen 9 7950X ကို နှိုင်းယှဉ်လေ့လာကြည့်ပါမယ်။ 

    ဈေးနှုန်းမှာတော့ Intel က ဈေးသက်သာပါတယ်။ Performance ပိုင်းဆိုင်ရာမှာတော့ Intel က 24 Core နဲ့ AMD က 16 Core ဖြစ်ပါတယ်။ Thread ကတော့ အတူတူဖြစ်ပြီး Max Turbo speed က သိမ်မကွာပေမယ့် Base Frequency ကတော့ AMD က 4.5GHz နဲ့ Intel က 3.0 GHz ဖြစ်ပါတယ်။ CPU Cahce က Intel မှာ (36+32)68MB နဲ့ AMD က (64+16)80MB ဖြစ်ပါတယ်။ 

    Max memory size ကတော့ နှစ်ခုစလုံး 128GB ထိရပြီး Memory Speed မှာတော့ Intel က DDR5 5600 နှင့် AMD က DDR5 3600 အထိရရှိပါတယ်။

    Graphics ကတော့ Intel က 300 MHz နဲ့ AMD ကတော့ 400 MHz ရှိပြီး Dynamic frequency က တော့ AMD က 2.2 GHz နဲ့ Intel ကတော့ 1.65 GHz ရှိပါတယ်။ နောက်ပြီး AMD မှာ graphic core 2 ပါရှိတာကြောင့် Graphics processor ပိုင်းမှာ AMD က သာပါတယ်။

    နောက်ဆုံးအနေနဲ့ CPU နှစ်လုံးမှာ Speed ကို အဓိထား ရွေးချယ်မယ့်သူများအတွက် Intel i9-13900K ကို ရွေးချယ်ဝယ်ယူသင့်ပြီး Graphics ပိုင်းကို အဓိက ထားမည့်သူများကတော့ AMD Ryzen 9 7950X ကို ရွေးချယ် ဝယ်ယူသင့်ပါတယ်။

    ဘယ်သူသာလဲလို့ ဆုံးဖြတ်ရင်တော့ Intel i9-13900K က သာပါတယ်လို့ ဆိုချင်ပါတယ်။


Forty Tech

Comments