Skip to main content

MSI ရဲ့ MEG, MPG, MAG နဲ့ Pro Motherboard များ

MSI ကနေပြီး MotherBoard တွေကို series ၄ မျိုးနဲ့ ထုတ်လုပ်လာပါတယ်။ Series တွေကတော့ MEG, MPG, MAG နဲ့ Pro ဆိုပြီး ခွဲခြားထားပါတယ်။


MEG Series ကတော့ Gaming profession series ဖြစ်ပြီး CPU overclocking, Memory overclocking နည်းပညာတွေကို အဓိက ထားထုတ်လုပ်ထားတဲ့ Gaming PC တွေကို High End ဆင်လိုတဲ့ Gamer တွေအတွက် သင့်တော်တဲ့ series ဖြစ်ပါတယ်။


Gaming PC တစ်လုံးကို fashion ဆန်ဆန် လှပတဲ့ ဒီဇိုင်းအသွင်အပြင် ဆင်လိုတဲ့ သူများအတွက် MAG Series ကို MSI က ထုတ်လု်ပထားပါတယ်။ RGB Control စနစ်များပါဝင်လာပြီး အထက်ဖော်ပြထားတဲ့အတိုင်း ဒီဇိုင်းပိုင်းရော performance ပိုင်းရော နှစ်မျိုးစလုံး ပါဝင်တဲ့ PC တစ်လုံးဆင်လိုသူများအတွက် ရွေးချယ်ရမယ့် series တစ်ခုဖြစ်ပါတယ်။

MAG series ကတော့ လူငယ် Gamer တွေအတွက် ရည်ရွယ်ထုတ်လုပ်ထားပြီး Gaming PC တစ်လုံး ကို အမြန်နှုန်းထက် stable ဖြစ်ပြီး performance  အပြည့်နဲ့ Gaming PC တစ်လုံးကို ကြာရှည်ခံတဲ့ PC မျိုးဆင်လို သူများအတွက် ရွေးချယ်ရမယ့် series ဖြစ်ပါတယ်။


Pro Series ကတော့ DIY Engineer များနဲ့ Professional အသုံးပြုမည့် သူများအတွက် လုပ်ငန်းပိုင်းဆိုင်ရာမှာ Performance ကောင်းကောင်း အသုံးပြုမည့် professional သမားများအတွက် ရည်ရွယ်ထုတ်လုပ်ထားပါတယ်။
 အချုပ်အားဖြင့် MEG, MPG, MAG Series တွေဟာ Gaming အတွက် ရည်ရွယ်ထားပြီး Pro Series တွေကတော့ professional အသုံးပြုသူတွေအတွက် ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။

FourtyTech



 

Comments