Skip to main content

လူသားများနဲ့ စက်မှုတော်လှန်ရေး

 


စက်မှုတော်လှန်ရေးဟာ ၁၈ ရာစု နှောင်းပိုင်းကနေပြီး First Industrial Revolution အနေနဲ့ စတင်ခဲ့တယ်လို့ ဆိုရပါမယ်။ အဲဒီခေတ်ဟာ လူသားတွေဟာ လက်မှုလယ်ယာမှ စက်မှုလက်ယာကို စတင်ကူပြောင်းလာကြပြီး စက်ရုံတွေဟာလည်း ရေအားလျှပ်စစ်၊ ရေနွေးငွေ့သုံးစက်များနဲ့ စတင်လည်ပတ်လာခဲ့ကြပါတယ်။


၂၀ ရာစုအစောပိုင်း Second Industrial Revolution မှာတော့ လျှပ်စစ်နဲ့ ဒီဇယ်အင်ဂျင်များ စတင်ပေါ်ပေါက်လာပြီး  ကုန်ထုတ်လုပ်ငန်းများမှာ စက်ပစ္စည်းများနဲ့ လုပ်သမားများကို ပူးပေါင်းထုတ်လုပ်လာခဲ့ကြပါတယ်။ 


၂၀ ရာစု အလယ်ပိုင်းမှာတော့  Third Industrial Revolution မှာတော့ လျှပ်စစ်အင်ဂျင်နီယာနည်းပညာရပ်များနဲ့ သတင်းအချက်အလက်နည်းပညာများထွန်းကားလာပါတယ်။ကုန်ထုတ်လုပ်ငန်းတွေမှာအလိုအလျောက် ထုတ်လုပ်နိုင်တဲ့ စက်ပစ္စည်းများကို အသုံးပြုလာကြပြီး ကွန်ပျူတာနဲ့ အင်တာနက် နည်းပညာများ ထွန်းကားလာခဲ့ကြပါတယ်။

လက်ရှိ ၂၁ ရာစု Fourth Industrial Revolution မှာတော့ နည်းပညာခေတ်ဖြစ်သကဲ့သို့ လူ့ဉာဏ်ရည်တု(A.I), အင်တာနက်အသုံးချနည်းပညာ(IoT) ကဲ့သို့ နည်းပညာများ တိုးတက်ထွန်းကားလာလျက်ရှိပါတယ်။

Industry 4.0

ဂျာမန်စက်မှုလုပ်ငန်းများက စတင်သတ်မှတ်ကြတဲ့ Industry 4.0 ကို Fourth Industrial Revolution အနေနဲ့လည်း သတ်မှတ်နိုင်ပါတယ်။ Industry 4.0  ဟာ ဂျာမန်အစိုးရက အစိုးရ, စက်မှုလုပ်ငန်းများ နဲ့ တက္ကသိုလ်များပါဝင်တဲ့ High-Tech Strategy 2020 ကို အမျိုးသားအဆင့်လုပ်ငန်းအနေနဲ့ အကောင်အထည်ဖော်ဖို့ ဆောင်ရွက်တဲ့ အချိန်မှာ စတင်းအသုံးပြုခဲ့ကြတဲ့ စကားလုံးလည်း ဖြစ်ပါတယ်။

ဒီ Strategy ဟာ ကုန်ထုတ်လုပ်ငန်းတစ်ခုလုံးကို ဒီဂျင်တယ်နည်းပညာ၊ အင်တာနက်ကွန်ယက်နည်းပညာများ အသုံးပြုပြီး ပြေင်းလဲမယ့်လုပ်ငန်းစဉ်တစ်ခုဖြစ်ပါတယ်။ ယခင်က ကုန်းပစ္စည်းနဲ့ဝန်ဆောင်မှုတစ်မျိုးတည်းကို စားသုံးသူများ ယေဘုယျအကြိုက်ထုတ်လုပ်ရာကနေပြီး စားသုံးသူတစ်ဦးချင်းစီ စိတ်ကြိုက် ထုတ်ကုန်နဲ့ ဝန်ဆောင်မှုများကို အမြောက်အများ အချိန်မှီထုတ်လုပ်ပေးမည့် လုပ်ငန်းစဉ်ဖြစ်ပါတယ်။

Forty Tech


Comments