Skip to main content

Posts

Showing posts with the label Knowledge

IoT(Internet of Things)

 Industry 4.0 မှာ အဓိက နည်းပညာတစ်ခုကတော့ IoT နည်းပညာဖြစ်ပါတယ်။ ဒီနည်းပညာဟာ ာ စက်မှုထုတ်လုပ်ရေးစက်ကိရိယာများ၊ အိမ်သုံးလျှပ်စစ်အသုံးဆောင်ပစ္စည်းများ၊ စက်တပ်ယာဉ်များ နဲ့ ဖိနပ်၊ အဝတ်အထည် လူသုံးကုန်ပစ္စည်းများကို ကွန်ပျူတာအပါအဝင် IT ပစ္စည်းများနဲ့ အင်တာနက်ပေါတွင် ချိတ်ဆက်လုပ်ဆောင်မည့် နည်းပညာများဖြစ်ပါတယ်။ ဒီနည်းပညာဟာ စက်ပစ္စည်းများနှင့် အခြားပစ္စည်းကိရိယာများ ကွန်ရက်ချိတ်ဆက်ပြီး အသုံးပြုနိုင်အောင် ဝန်ဆောင်မှုပေးနိုင်အောင် ပြုလုပ်မည့်နည်းပညာဖြစ်ပါတယ်။ IoT ကို အဓိကစိတ်ဝင်းစားကြသည့်အချက်များကတော့  (က)စက်ပစ္စည်းကိရိယာများ၏ အချက်အလက်များနဲ့ အခြေအနေများကို  စရိတ်စကသက်သာစွာနဲ့ မြန်ဆန်စွာရယူနိုင်ဖို့အတွက် အာရုံခံကိရိယာ(sensor)များကို သက်ဆိုင်ရာပစ္စည်းတွေပေါ်မှာ တပ်ဆင်နိုင်ခြင်း။ (ခ)ထိုအာရုံခံကိရိယာများမှ သတင်းအချက်အလက်များကို မြန်ဆန်စွာ ရယူနိုင်ခြင်း။ (ဂ) ကြီးမားများပြားတဲ့ သတင်းအချက်အလက်များကို cloud service မှ တဆင့် စရိတ်စကနည်းနည်းဖြင့် ရရှိနိုင်ခြင်း တို့ကြောင့် IoT နည်းပညာကို အသုံးပြုဖို့ ကုန်ထုတ်လုပ်ငန်းများနဲ့ ဝန်ဆောင်မှုလုပ်ငန်းများက စိတ်ဝင်စားလာကြပါတယ်။ IoT နည်းပညာကို အသုံးချ...

လူသားများနဲ့ စက်မှုတော်လှန်ရေး

  စက်မှုတော်လှန်ရေးဟာ ၁၈ ရာစု နှောင်းပိုင်းကနေပြီး First Industrial Revolution အနေနဲ့ စတင်ခဲ့တယ်လို့ ဆိုရပါမယ်။ အဲဒီခေတ်ဟာ လူသားတွေဟာ လက်မှုလယ်ယာမှ စက်မှုလက်ယာကို စတင်ကူပြောင်းလာကြပြီး စက်ရုံတွေဟာလည်း ရေအားလျှပ်စစ်၊ ရေနွေးငွေ့သုံးစက်များနဲ့ စတင်လည်ပတ်လာခဲ့ကြပါတယ်။ ၂၀ ရာစုအစောပိုင်း Second Industrial Revolution မှာတော့  လျှပ်စစ်နဲ့ ဒီဇယ်အင်ဂျင်များ စတင်ပေါ်ပေါက်လာပြီး   ကုန်ထုတ်လုပ်ငန်းများမှာ စက်ပစ္စည်းများနဲ့ လုပ်သမားများကို ပူးပေါင်းထုတ်လုပ်လာခဲ့ကြပါတယ်။  ၂၀ ရာစု အလယ်ပိုင်းမှာတော့   Third Industrial Revolution   မှာတော့ လျှပ်စစ်အင်ဂျင်နီယာနည်းပညာရပ်များနဲ့ သတင်းအချက်အလက်နည်းပညာများထွန်းကားလာပါတယ်။ကုန်ထုတ်လုပ်ငန်းတွေမှာ အလိုအလျောက် ထုတ်လုပ်နိုင်တဲ့ စက်ပစ္စည်းများကို အသုံးပြုလာကြပြီး ကွန်ပျူတာနဲ့ အင်တာနက် နည်းပညာများ ထွန်းကားလာခဲ့ကြပါတယ်။ လက်ရှိ ၂၁ ရာစု Fourth Industrial Revolution မှာတော့ နည်းပညာခေတ်ဖြစ်သကဲ့သို့ လူ့ဉာဏ်ရည်တု(A.I), အင်တာနက်အသုံးချနည်းပညာ(IoT) ကဲ့သို့ နည်းပညာများ တိုးတက်ထွန်းကားလာလျက်ရှိပါတယ်။ Industry 4.0 ဂျာမန်စက်မှုလုပ်ငန...