Skip to main content

IoT(Internet of Things)

 Industry 4.0 မှာ အဓိက နည်းပညာတစ်ခုကတော့ IoT နည်းပညာဖြစ်ပါတယ်။ ဒီနည်းပညာဟာ ာ စက်မှုထုတ်လုပ်ရေးစက်ကိရိယာများ၊ အိမ်သုံးလျှပ်စစ်အသုံးဆောင်ပစ္စည်းများ၊ စက်တပ်ယာဉ်များ နဲ့ ဖိနပ်၊ အဝတ်အထည် လူသုံးကုန်ပစ္စည်းများကို ကွန်ပျူတာအပါအဝင် IT ပစ္စည်းများနဲ့ အင်တာနက်ပေါတွင် ချိတ်ဆက်လုပ်ဆောင်မည့် နည်းပညာများဖြစ်ပါတယ်။

ဒီနည်းပညာဟာ စက်ပစ္စည်းများနှင့် အခြားပစ္စည်းကိရိယာများ ကွန်ရက်ချိတ်ဆက်ပြီး အသုံးပြုနိုင်အောင် ဝန်ဆောင်မှုပေးနိုင်အောင် ပြုလုပ်မည့်နည်းပညာဖြစ်ပါတယ်။ IoT ကို အဓိကစိတ်ဝင်းစားကြသည့်အချက်များကတော့ 

(က)စက်ပစ္စည်းကိရိယာများ၏ အချက်အလက်များနဲ့ အခြေအနေများကို  စရိတ်စကသက်သာစွာနဲ့ မြန်ဆန်စွာရယူနိုင်ဖို့အတွက် အာရုံခံကိရိယာ(sensor)များကို သက်ဆိုင်ရာပစ္စည်းတွေပေါ်မှာ တပ်ဆင်နိုင်ခြင်း။

(ခ)ထိုအာရုံခံကိရိယာများမှ သတင်းအချက်အလက်များကို မြန်ဆန်စွာ ရယူနိုင်ခြင်း။

(ဂ) ကြီးမားများပြားတဲ့ သတင်းအချက်အလက်များကို cloud service မှ တဆင့် စရိတ်စကနည်းနည်းဖြင့် ရရှိနိုင်ခြင်း တို့ကြောင့် IoT နည်းပညာကို အသုံးပြုဖို့ ကုန်ထုတ်လုပ်ငန်းများနဲ့ ဝန်ဆောင်မှုလုပ်ငန်းများက စိတ်ဝင်စားလာကြပါတယ်။


IoT နည်းပညာကို အသုံးချပြီး သတင်းအချက်အလက်များကို ကျယ်ကျယ်ပြန့်ပြန့် မြန်ဆန်စွာရယူနိုင်တဲ့အတွက် နယ်ပယ်ဒေသမျိုးစုံအတွက် တိကျတဲ့ ဆုံးဖြတ်ချက်များကို ပြုလုပ်ဆောင်ရွက်လာနိုင်ပါတယ်။


IoT ကို ကုန်ထုတ်စက်ရုံများ၊ ငွေကြေးဆိုင်ရာလုပ်ငန်းများ၊ စိုက်ပျိုးရေး၊ ကျန်းမာရေး နဲ့ သယ်ယူပို့ဆောင်ရေးအစရှိတဲ့  နယ်ပယ်ပေါင်းစုံမှာ အသုံးပြုဆောင်ရွက်နိုင်ပါတယ်။

Forty Tech

Comments